လဲလျောင်းရှုမှတ်ခြင်းကို အခုမှစအားထုတ်တဲ့သူတွေဆိုရင် ညအိပ်တဲ့အချိန်မှ အားထုတ်တာပိုကောင်းပါတယ်။ မဟုတ်လို့ရှိရင် ရှုမှတ်နေရင်း အိပ်ပျော်သွားတတ်လို့ပါ။ အခြားအချိန်တွေမှာ ထိုင်တစ်လှည့်၊ ရပ်တစ်လှည့်၊ လမ်းလျှောက်တစ်လှည့်စီ ရှုမှတ်အားထုတ်ပါ။လဲလျောင်းတဲ့ပုံက တစ်ယောက်နဲ့တစ်ယောက် မတူနိုင်တာကြောင့် ကိုယ်လူပ်ရှားမှုတွေပေါ်လိုက်ပြီးကွဲပြားနိုင်ပါတယ်။

ထို့ကြောင့် အဓိကရှုမှတ်ရမှာက ခန္ဓာကိုယ်ရဲ့ လူပ်ရှားမှု၊ ရွေ့ရှားမှုတိုင်းကို လိုက်ပြီးရှုမှတ်ရမှာဖြစ်ပါတယ်။ ရှုမှတ်လို့ရအောင် လူပ်ရှား၊ ရွေ့ရှားမှုတိုင်းကိုတဲ့ မြန်မြန်ဆန်ဆန်မဆောင်ရွက်ပါနဲ့ ဖြည်းဖြည်းချင်းသာဆောင်ရွက်ပါ။ ယခု လဲလျောင်းရှုမှတ်ဖို့ကို မတ်တပ်ရပ်တဲ့ အနေအထားကနေ စ၍ရှုမှတ်ပုံကို သရုပ်ပြသွားမှာဖြစ်ပါတယ်။

မတ်တပ်ရပ်တဲ့အနေအထားကနေ စမှတ်ရပါမယ်။ (ရပ်တယ်)၊ လက်ရွေ့ချင်တယ်၊ (ရွေ့တယ်)၊ ငုန့်ချင်တယ် (ငုန့်တယ်)၊ အဝတ်အထည်ပြင်ချင်တယ် (ပြင်တယ်)၊ ထိုင်ချင်တယ် (ထိုင်တယ်) (သရုပ်ပြခဲ့ပုံကိုကြည့်ပြီး စာသားလိုက်ထည့်ရန်) လဲလျောင်းရှုမှတ်ဖို့အနေအထားအသင့်ဖြစ်သည်အထိ လူပ်ရှား၊ ရွေ့ရှားမှုတိုင်းကို မှတ်ရပါမယ်။ လက်ထားပုံကတော့ မိမိအဆင်ပြေမဲ့ ပုံစံနဲ့ထားလို့ရပါတယ်။ လဲလျောင်းရှုမှတ်ဖို့ အနေအထား အသင့်ဖြစ်ပြီ ဆိုရင် ရှုမှတ်ပုံကတော့ ထိုင်လျက်ရှုမှတ်နည်း၊ ရပ်လျက်ရှုမှတ်နည်းတို့နဲ့ အတူတူပါပဲ။

အသက်ရှုသွင်းလိုက်တဲ့အခါမှာ ဝမ်းဗိုက်ကလေးဖောင်းတက်လာတာကို (ဖောင်းတယ်)၂ လို့မှတ်သိရပါမယ်၊ ဝမ်းဗိုက်ကလေး ပိန်ကျသွားတာကို (ပိန်တယ်)၂ လို့မှတ်သိရပါမယ်။ ဖောင်းတယ်၊ ပိန်တယ် မှတ်တဲ့အခါမှာ စိတ်ထဲက အသံတိတ်ရွတ်ဆိုပြီး သိအောင်မှတ်ရပါမယ်။ အသံထွက်၍ မမှတ်ရပါ။ ဖောင်းတာ၊ ပိန်တာကို စိတ်ဖြင့် စိုက်ကြည့်နေရုံနဲ့ မထင်ရှားသေးဘူးဆိုရင် ဝမ်းဗိုက်ပေါ် လက်ကလေးတင်ပြီး လက်အရှေ့သို့ရွေ့သွားတာကို ဖောင်းတယ်၊ လက်အနောက်ဘက်ရွေ့သွားတာကို ပိန်တယ်လို့ မှတ်သိနေရပါမယ်။

ဖောင်းတယ်၊ ပိန်တယ်မှတ်နေချိန်မှာ တခြားမှတ်စရာအာရုံတွေ ထင်ရှားဖြစ်ပေါ်လာတဲ့အခါမှာ ထင်းရှားဖြစ်ပေါ်လာသော အာရုံတိုင်းကို စိတ်ထဲက အသံတိတ်ရွတ်ဆိုပြီး သိအောင်မှတ်နေရပါမယ်။ တခြားမှတ်စရာ အာရုံဆိုတာ မျက်စိဖြင့် ကြည့်စရာ အဆင်းမျိုးစုံ၊ နားဖြင့် နားထောင်စရာ အသံမျိုးစုံ၊ နှာခေါင်းဖြင့် နှမ်းရှုစရာ အနံ့မျိုးစုံ၊ လျှာဖြင့် စားသောက်စရာ အရည်အဖတ်မျိုးစုံ၊ ခန္ဓာကိုယ်ဖြင့် တွေ့ထိစရာမျိုးစုံ၊ စိတ်ဖြင့် သိစရာမျိုးစုံကို ပြောပါတယ်။ ဥပမာ မျက်စိဖြင့် မြင်ရင် (မြင်တယ်) လို့မှတ်ပါ၊ နားဖြင့် ကြားရင် (ကြားတယ်) လို့မှတ်ပါ၊ နှာခေါင်းဖြင့် နံရင် (နံတယ်) လို့မှတ်ပါ၊ လျှာဖြင့် စားသောက်တဲ့အခါ ချိုရင်(ချိုတယ်)၊ ငံရင် (ငံတယ်)၊ ခါးရင် (ခါးတယ်) လို့မှတ်ပါ၊

ခန္ဓာကိုယ်ကလည်း နာရင် (နာတယ်)၊ အောင့်ရင် (အောင့်တယ်)၊ ထိရင် (ထိတယ်) စသည့် ကိုယ်၌ ထင်ရှားဖြစ်ပေါ်ရာတိုင်းကို မှတ်သိနေရပါမယ်။ စိတ်ကလည်း စိတ်ကူးရင် (စိတ်ကူတယ်)၊ ကြံဆရင် (ကြံဆတယ်)၊ စိတ်ဆိုးရင် (စိတ်ဆိုးတယ်)၊ ဝမ်းသာရင် (ဝမ်းသာတယ်) စသည့် စိတ်၌ ထင်ရှား ဖြစ်ပေါ်ရာတိုင်းကို မှတ်သိနေရပါမယ်။ တခြားမှတ်စရာ အာရုံတွေ မရှိတော့တဲ့အချိန်မှာ ဖောင်းတယ်၊ ပိန်တယ် (ဝါ) (ရပ်တယ်) ကိုပဲ ပြန်မှတ်နေရပါမယ်။ တရားမှတ်တဲ့အခါမှာ ရုပ်၊ နာမ် နှစ်ပါးပေါ်၌ သတိကပ်ပြီး စူးစူးစိုက်စိုက်၊ စေ့စေ့စပ်စပ်၊ စိပ်စိပ်ကလေးမှတ်နေရပါမယ်။ ဒီလောက်ဆိုရင် ထိုင်လျက်ရှုမှတ်အားထုတ်ရလိမ့်မယ်လို့ထင်ပါတယ်။