Meditation for Beginner

ဘာကြောင့် တရားထိုင်ဖို့ လိုအပ်သလဲ

တရားထိုင်တယ်ဆိုတာ စိတ်ကို သတိနဲ့ စောင့်ကြည့်ခြင်းပါ။ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေနဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ ယနေ့ခေတ်ကြီးထဲမှာ လူသားတွေအတွက် “ငြိမ်းအေးမှု” ဆိုတဲ့ ဆေးက လိုအပ်နေပါပြီ။
ဘရိတ်ပျက်နေတဲ့ ကားတစ်စီးဟာ သူသွားချင်ရာသွားနေတာကို ထိန်းချုပ်လို့မရသလိုပဲ သတိမရှိတဲ့ စိတ်ဟာ သူ့ရဲ့ ကျက်စားမွေ့လျော်ရာ အကုသိုလ် စိတ်တွေဆီကိုဦးတည်နေလေ့ရှိပါတယ်။  အကုသိုလ်တွေဖယ်ရှားပြီး ငြိမ်းအေးမှုတွေကို ရရှိဖို့ နေ့စဉ်တရားထိုင်ဖို့ လိုအပ်ပါတယ်။

တရား ဘယ်လိုရှုမှတ်ကြမလဲ

လျောင်း ၊ ထိုင် ၊ ရပ် ၊ သွား ကြိုက်တဲ့ အရိယာ ပုသ် နဲ့ မိမိနှစ်သက်ရာ ရှုမှတ် နိုင်ပါတယ်

အခြေခံအားဖြင့် ဆိုရင်တော့ အသက်ရှုတဲ့ အချိန်မှာ ခန္ဓာ ကိုယ်မှာ ထင်ရှားဖြစ်ပေါ်တဲ့ ဝမ်းဗိုက် ဖောင်းလိုက် ပိန်လိုက် ဖြစ်နေတဲ့ အနေအထားကို သတိကပ်ပြီး မှတ်နေရပါမယ်။

ဝမ်းဗိုက် ဖောင်းလာရင် စိတ်ထဲကနေ ဖောင်းတယ်လို့ မှတ်ပြီး ၊ ပိန်လာရင် ပိန်တယ်လို့ မှတ်ရပါမယ်။ အသေးစိတ်ကို အောက်ဖက်က Video တွေ မှာ ကြည့်ရှု နိုင်ပါတယ်။

တရားထိုင်ခြင်းရဲ့ အကျိူးကျေးဇူးများ

တရားထိုင်ခြင်းဟာ ငြိမ်းအေးမှု ကိုရရှိစေရုံတင်မကဘဲ နေ့စဥ် ရင်ဆိုင် ကြုံတွေ့နေရတဲ့ လူမှုပတ်ဝန်းကျင်နဲ့ လုပ်ငန်းခွင်တွေမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်လာပြီး ကိုယ်ချင်းစာတရားတွေလည်း တိုးပွားကာ စစ်မှန်တဲ့ အောင်မြင်မှုကို ရရှိနိုင်ပါတယ်။
လက်ရှိဘဝမှာလည်း ငြိမ်းအေးမှု ရရှိအောင်၊ နောင်သံသရာအတွက်လည်း အကျိုးပြုတဲ့ မျိုးစေ့ကောင်းဖြစ်အောင် တရားထိုင်ဖို့လိုအပ်ပါတယ်။

MindMeditation.org အဖွဲ့၏ လှုပ်ရှားမှုပုံရိပ်များ

Mindmeditation.org အဖွဲ့သားများမှ Botahtaung Fever Clinic တွင်လှူဒါန်းခြင်း

ကျွန်မတို့Mindmeditation.org အဖွဲ့သားများမှ Botahtaung Fever Clinic တွင်လှူဒါန်းခဲ့သောပုံရိပ်တစ်ချို့   <zawgyi> ကျွန်မတို့Mindmeditation.org အဖွဲ့သားများမှ Botahtaung Fever Clinic တွင်လှူဒါန်းခဲ့သောပုံရိပ်တစ်ချို့  

ရန်ကင်းမြို့နယ် Fever Clinic အတွက် ကျန်းမာရေးပစ္စည်းများလှူဒါန်းခြင်း

MindMeditation.org အဖွဲ့သားများမှ ရန်ကင်းမြို့နယ် Fever Clinic အတွက် ရန်ကင်းမြို့နယ် ဆရာဝန်ကြီးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူှ းတို့အား PPE (Korea), Mask များ,Face shield များ, Boot coverများ,Hand sanitizerများလှူဒါန်း…

ရန်ကင်းမြို့နယ် ရှိဘုန်းကြီးကျောင်းများ နှင့် သီလရှင် ကျောင်းများသို့ လှူဒါန်းခြင်း

ယနေ့(၂၁.၅.၂၀၂၀)ရက်နေ့တွင် #MindMeditation.org အဖွဲ့မှရန်ကင်းမြို့နယ် (၁၃)ရပ်ကွက် ရွှေဟင်္သာတိုက်သစ်ကျောင်း၊ (၁၁)ရပ်ကွက် သုခိတာရာမသီလရှင်စာသင်တိုက်၊ (၈)ရပ်ကွက် အောင်သုခဗိမ္မာန်ကျောင်းတိုက်၊

လျှောင်း ၊ ထိုင် ၊ ရပ် ၊ သွား အခြေခံ တရားရှုမှတ်နည်းများ

လဲလျောင်းရှုမှတ်နည်း

လဲလျောင်းရှုမှတ်ခြင်းကို အခုမှစအားထုတ်တဲ့သူတွေဆိုရင် ညအိပ်တဲ့အချိန်မှ အားထုတ်တာပိုကောင်းပါတယ်။ မဟုတ်လို့ရှိရင် ရှုမှတ်နေရင်း အိပ်ပျော်သွားတတ်လို့ပါ။ အခြားအချိန်တွေမှာ ထိုင်တစ်လှည့်၊ ရပ်တစ်လှည့်၊ လမ်းလျှောက်တစ်လှည့်စီ ရှုမှတ်အားထုတ်ပါ။လဲလျောင်းတဲ့ပုံက တစ်ယောက်နဲ့တစ်ယောက် မတူနိုင်တာကြောင့် ကိုယ်လူပ်ရှားမှုတွေပေါ်လိုက်ပြီးကွဲပြားနိုင်ပါတယ်။

ထိုင်လျှက် ရှုမှတ်နည်း

ထိုင်လျက်ရှုမှတ်တော့မယ်တော့ဆိုရင် ခေါင်းကိုမတ်မတ်ထားပါ။ ခါးဖြောင့်ဖြောင့်ထားပြီး၊ တင်ပလ္လင်ခွေထိုင်ပါ။ တပလ္လင်ခွေ ထိုင်တဲ့အခါမှာ ခြေထောက်ကို ထပ်ကာ၊ ဆင့်ကာမထားပါနဲ့ ရှေ့နောက် ယှဉ်ထားရပါမယ်။ ကျန်းမာရေးမကောင်းသူများ မိမိအဆင်ပြေသလို ထိုင်နိုင်ပါတယ်။ ထိုင်လျက်ရှုမှတ်နည်းမှာ လက်ထားတဲ့နည်း (၃) နည်းရှိပါတယ်။

ရပ်လျှက် ရှုမှတ်နည်း

ရပ်လျက်ရှုမှတ်ရန် မတ်တပ်ရပ်တဲ့ ခန္ဓာကိုယ်အနေအထားကတော့ ခြေထောက်နှစ်ချောင်းကို အရမ်းကပ်ပြီးမထားပါနဲ့၊ အရမ်းကွာလွန်း၍လည်း မထားပါနဲ့၊ မိမိရဲ့ခြေထောက်အနေအထားဟာ မိမိရဲ့ဟန်ချက်တွေကို ထိန်းနိုင်တဲ့အနေအထားမှာ ထားပါ။ မတ်တပ်ရပ်ရှုမှတ်နည်းမှာ လက်ထားပုံ (၃) နည်းရှိပါတယ်။ ပထမနည်းကတော့ လက်ပိုက်၍ ထားနိုင်ပါတယ်။

သွား လျှက် တရားရှုမှတ်နည်း

လမ်းလျှောက်ရှုမှတ်တဲ့အခါမှာ ခန္ဓာကိုယ်အနေအထားက မတ်တန်းရပ်လျက် ခေါင်းမတ်မတ်၊ ခါးဖြောင့်ဖြောင့်၊ မျက်လွှာကို ချထားရပါမယ်။ မျက်လွှာချတဲ့အခါမှာ အရှေ့ကို လေးထောင် (ဝါ) ခြောက်ပေအကွာကို မြင်ရအောင် ချရပါမယ်။ လက်အနေအထားကတော့ လက်ပိုက်၍ဖြစ်စေ၊ လက်နောက်ပိုက်ပြီး ဘယ်လက်ပေါ်တွင် ညာလက်ကိုဆုတ်ကိုင်၍ဖြစ်စေ ထားချင်ထားနိုင်ပါတယ်။