ကျွန်တော်တို့ Mindmeditation အဖွဲ့သည် လွန်ခဲ့သော ၁၀ နှစ်ကျော်ကာလများမှပင် တရားအားထုတ်ခဲ့ဖူသော ယောဂီဟောင်းများစုဖွဲ့၍ မဟာသတိပဋ္ဌာန်ဝိပဿနာ ပြန့်ပွားရေးဆောင်ရွက်ခဲ့သည့် အဖွဲ့ဖြစ်ပါသည်။
COVID-19 ကြောင့် မြန်မာ တစ်နိုင်ငံလုံး ပူပန်သောက ရောက်နေတဲ့ အချိန်မှာ အများပြည်သူတို့ မဟာသတိပဌာန် ကို အားထုတ်ပြီး ၊ စိတ်ဓါတ် တည်ငြိမ်မှု ရရှိစေဖို့ MindMeditation.org website နှင့် နှင့် fb.com/MindMeditation.org Facebook Pages တို့ကို တည်ထောင်ခဲ့ပါသည်။
မဟာသတိပဌာန်တရားက စိတ်တည်ငြိမ်စေ၏ ၊ လောကဓံတရားကို ကြံ့ကြံ့ခံ ရင်ဆိုင်စေနိုင်၏ ၊ ပိုပြီး သတိရှိစေ၏ ၊ စိတ်တည်ငြိမ်လာသေကြောင့် မှန်ကန်သော ဆုံးဖြတ်ချက်တွေ ပိုချ နိုင်လာစေ၏ ၊ ကံကောင်းလာစေ၏ ဘဝ ရည်မှန်းချက်များ ကိုလဲပိုပြီး အောင်မြင်လာစေပါ၏။
လူကြီးလူငယ် ၊ လူမျိုးဘာသာ မရွေး တရားထိုင်တဲ့ အလေ့အထ လေး ရရှိပြီး ၊ လူတစ်ဦး တစ်ယောက်ချင်းစီ အောင်မြင်ပျော်ရွှင်တဲ့ ဘဝကို ရရှိကာ ၊ အေးချမ်းသာယာတဲ့ မြန်မာပြည်ကြီးကို တည်ဆောက်ကြပါစို့။